Upload
others
View
9
Download
0
Embed Size (px)
Citation preview
U S E R G U I D E
J U N E 2 0 1 8
သုံးစွဲသူလမ်းညွှန် စက်တင်ဘာလ 2018
U S E R G U I D E
J U N E 2 0 1 8
သုံးစွဲသူလမ်းညွှန | စက်တင်ဘာလ 2018
SaverAsia ဆိုသည်မှာ အဘယ်နည်း။SaverAsia ဆိုသည်မှာ တခြားနိုင်ငံတွင် ရောက်ရှိနေသော သင့်ကို ကူညီပေးရန်အတွက် ငွေကြေး ကုန်ကျမှုမရှိဘဲ အခမဲ့
အသုံးပြုနိုင်သော ၀က်ဆိုဒ်တစ်ခုဖြစ်သည်။
၁။ အိမ်သို့ ငွေလွှဲရာတွင် ကုန်ကျစရိတ်နှင့် ၀န်ဆောင်မှုများကို နှိုင်းယှဉ်ကြည့်ရန်
၂။ သင် နေထိုင်ရာနေရာရှိ ငွေကြေးဝန်ဆောင်မှုများကို ရှာဖွေရာတွင် အကူအညီဖြစ်စေရန်
၃။ သင်၏ အနီးအနားရှိ အကူအညီပေးနေသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ရန်
SaverAsia သည် ယခုအခါ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ရောက်ရှိနေသော
မြန်မာအလုပ်သမားများအတွက် သတင်းအချက်အလက်များကို ထည့်သွင်းပေးထားပါသည်။ လာမည့် ကာလတွင်
အခြားနိုင်ငံများ၌ ရောက်ရှိနေသော မြန်မာအလုပ်သမားများအတွက် သတင်းအချက်အလက်များကို ထပ်မံတိုးချဲ့ထ
ည့်သွင်းလုပ်ဆောင်သွားမည် ဖြစ်သည်။ သင် မည်သည့်နေရာတွင် ရောက်နေသည်ဖြစ်စေ သင့်ကိုကူညီပေးရန်နှင့်
စိတ်အားထက်သန်စေရန် ကူညီပေးနိုင်မည့် ဆိုဒ်တစ်ခုဖြစ်ပါသည်။
U S E R G U I D E
J U N E 2 0 1 8
အသုံးပြုနည်း အချိန်ကုန်သက်သာ| ငွေစုဆောင်းကာ | သင့်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံရာ
U S E R G U I D E
J U N E 2 0 1 8
သုံးစွဲသူလမ်းညွှန | စက်တင်ဘာလ 2018
ငွေလွှဲရန် နှိုင်းယှဉ်ခြင်း
သင်သည် အိမ်သို့ငွေလွှဲပို့ရန် အစီအစဉ် ရှိပါသလား။
အသင့်တော်ဆုံးဖြစ်သော ငွေလွှဲပို့နည်းကို သိပါသလား။
ထိုသို့ ဆိုလျှင် သင့်အတွက် SaverAsia ရှိပါသည်
အိမ်သို့ ငွေလွှဲပေးပို့ရန် ငွေလဲနှုန်း အမြင့်ဆုံးနှင့် အကောင်းဆုံး ၀န်ဆောင်မှုတွေကို နှိုင်းယှဉ်ကြည့် ပါ။
SaverAsia တွင် ငွေလွှဲဝန်ဆောင်မှုများကို ဘာကြောင့် နှိုင်းယှဉ်ကြည့်သင့်ပါသလဲ။
• အခမဲ့ - SaverAsia ကို ငွေကြေးကုန်ကျမှုမရှိဘဲ အသုံးပြုနိုင်ခြင်း
• အချိန်ကုန်သက်သာခြင်း - ငွေလွှဲခနှင့် ငွေလဲနှုန်းများကို လွယ်ကူလျှင်မြန်စွာ နှိုင်းယှဉ် ကြည့်ရှုနိုင်ခြင်း
• အကောင်းဆုံးနှုန်းထားများကို ရှာဖွေနိုင်ခြင်း
သင်သည် ရန်ကုန်မြို့ရှိ ဘဏ်စာရင်းတစ်ခုထဲသို့ ငွေလွှဲပို့သည်ဖြစ်စေ (သို့) အလှမ်းကွာဝေးသော ကျွန်းတစ်ကျွန်းပေါ်ရှိ
သင် ချစ်ခင်ရသူတစ်ဦး၏ မိုဘိုင်းပိုက်ဆံအိတ်ထဲသို့ ငွေလွှဲပို့သည်ဖြစ်စေ သင်သည် SaverAsia တွင်
အမျိုးမျိုးသော ငွေလွှဲဝန်ဆောင်မှုများကို လေ့လာကြည့်နိုင်ပါသည်။ သင့်အတွက် ရရှိနိုင်သော ၀န်ဆောင်မှုများမှာ
(အခြားနည်းလမ်းများလည်း ပါဝင်နိုင်ပါသေးသည်) -
• ငွေသား လွှဲပို့ခြင်း
• ငွေသားမှ ဘဏ်စာရင်းထဲသို့ လွှဲပို့ခြင်း
• ဘဏ်စာရင်းထဲမှာ ဘဏ်စာရင်းထဲ လွှဲပို့ခြင်း
• ဘဏ်စာရင်းထဲမှ မိုဘိုင်းပိုက်ဆံအိတ်ထဲ လွှဲပို့ခြင်း
• Debit (မြီစားစာရင်း)မှ ဘဏ်စာရင်းထဲ လွှဲပို့ခြင်း
• ငွေသားဖြင့် အိမ်သို့တိုက်ရိုက်လွှဲပို့ခြင်း
U S E R G U I D E
J U N E 2 0 1 8
သုံးစွဲသူလမ်းညွှန | စက်တင်ဘာလ 2018
‘သင် ငွေလွှဲမည့် နိုင်ငံနှင့်
ငွေပို့မည့်နိုင်ငံတို့ကို ရွေးချယ်ပါ’
‘အကောင်းဆုံးနှုန်းထားများကို
ရရှိရန် နှိုင်းယှဉ်ရန် ကို နှိပ်ပါ’
- ထိုစာမျက်နှာ၌ လွှဲပို့ခများ
နှိုင်းယှဉ်ရန် ရွေးချယ်စရာ နှစ်ခု
ပါရှိပါသည်။
• ကာလပေါက်ဈေး နှုန်းထားများ
နှိုင်းယှဉ်ရန် - ဇယားထဲတွင်
ဖေါ်ပြထားသည့် လွှဲပို့ခများမှာ
ငွေလွှဲဝန်ဆောင်မှုများ၏ ကာလ
ပေါက်ဈေးများ ဖြစ်သည်။
• ရွေးချယ်မှုများအားလုံးကို
နှိုင်းယှဉ်ရန် - ဇယားထဲရှိ
အချက်အလက်များကို ၁ - ၃
လကြား ပုံမှန် ကောက်ယူထားခြင်း
ဖြစ်သည်။ ဤဇယား၌ ‘ကာလပေါက်
ဈေးဇယား’တွင် ပါဝင်မှုမရှိသည့်
ကာလပေါက်ဈေးဖေါ်ပြမထားသော
ငွေလွှဲဝန်ဆောင်မှုများ အပါအ၀င်
ပိုမိုများပြားသော ၀န်ဆောင်မှုများကို
ထည့်သွင်း ဖေါ်ပြထားပါသည်။
U S E R G U I D E
J U N E 2 0 1 8
သုံးစွဲသူလမ်းညွှန | စက်တင်ဘာလ 2018
ငွေစုဆောင်းခြင်း
သင် အောက်ပါ အကြောင်းအရာများကို စဉ်းစားနေပါသလား -
• ဘဏ်တွင် ငွေစာရင်းဖွင့်ရန်
• အာမခံတစ်စုံတစ်ရာ ၀ယ်ယူခြင်း
• သင်၏ လစဉ်ကုန်ကျစရိတ်နှင့် စုဆောင်းငွေများကို ပြုစုခြင်း
ထိုသို့ ဆိုလျှင် သင့်အတွက် SaverAsia ရှိပါသည်
SaverAsia က သင် မည်သည့်နေရာတွင်
ရောက်ရှိနေသည်ဖြစ်စေ အကျိုးရှိမည့်
ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများကို
ရှာဖွေလေ့လာနိုင်ရေးအတွက်
ကူညီပေးမည် ဖြစ်သည်။ Save
Money ၀က်ဆိုဒ် စာမျက်နှာတွင်
သင်ရောက်ရှိနေသောနိုင်ငံ၏
ကွဲပြားသည့် ငွေကြေးဝန်ဆောင်မှုများကို
လေ့လာ နိုင်သည်။ သင်သည်
ဘဏ်ငွေစာရင်းဖွင့်လှစ်ခြင်းကို
လေ့လာနိုင်သကဲ့သို့ အမျိုးမျိုးသော
အာမခံများ အကြောင်းကို
ရှာဖွေကြည့်ရှုနိုင်သည်။ ထို့အပြင်
SaverAsia က သင်ရောက်ရှိနေသည့်
နိုင်ငံတွင် သင့်အတွက် ငွေရေးကြေးရေး
စီမံခန့်ခွဲနည်း သင်တန်းများနှင့်လည်း
သင့်ကို ချိတ်ဆက် ပေးနိုင်ပါသည်။
သင်သည် SaverAsia ၏
ဂဏန်းတွက်စက်ဖြင့် သင်၏ သုံးစွဲငွေ/
အသုံးစရိတ်များကို တွက်ချက် နိုင်ပြီး
ငွေစုဆောင်းမည့် ရည်မှန်းချက်များကို
ချမှတ်နိုင်သည်။
U S E R G U I D E
J U N E 2 0 1 8
သုံးစွဲသူလမ်းညွှန | စက်တင်ဘာလ 2018
ဒေသန္တရ ပံ့ပိုးမှုများ
သင်သည် အောက်ပါ အကြောင်းအရာများကို ပိုမိုလေ့လာ လိုပါသလား -
• သင်ရောက်ရှိရာ နိုင်ငံရှိ ဒေသန္တရပံ့ပိုးကူညီရေး ၀န်ဆောင်မှုများ
• ရောက်ရှိနေသည့်နိုင်ငံ၌ ဘေးကင်းလုံခြုံစွာဖြင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ သတင်း အချက်အလက်များ
• (သို့) သင်ရောက်ရှိနေသည့် နိုင်ငံတွင် မည်သည့်အရာများရရှိနိုင်သည်ကို ပိုမိုလေ့လာခြင်း
ထိုသို့ ဆိုလျှင် သင့်အတွက် SaverAsia ရှိပါသည်
SaverAsia က သင့်အား ပြည်ပမထွက်ခွာမီ
လမ်းညွှန်မှုဆိုင်ရာ သတင်းအချက်အလက်များနှင့်
သင် အခြားနိုင်ငံသို့ ရောက်ရှိသွားချိန်တွင်
လိုအပ်သော သတင်းအချက်အလက်များကို
ပံ့ပိုးပေး ထားပါသည်။ သင်
နေထိုင်အလုပ်လုပ်ကိုင်နေသည့် နေရာတိုင်းတွင်
SaverAsia က ဒေသန္တရ ဆိုင်ရာ ပံ့ပိုးမှုများကို
ကူညီဖြည့်ဆည်းပေးမည်ဖြစ်သည်။
SaverAsia ၏ ဒေသန္တရပံ့ပိုးရေး
ဝန်ဆောင်မှုများတွင် ကျန်းမာရေး၊
ပြည်ဝင်ခွင့်ဗီဇာနှင့် ပညာရေး အကြံပြုချက်များ၊
ခရီးသွားလာရေး၊ ဖျော်ဖြေရေးနှင့် အားကစား
စသည့်ကဏ္ဍအသီးသီးပါဝင်ပါသည်။
SaverAsia ကို ဈေးကွက်ဖွံ့ဖြိုးစေရေး တွဲဖက်ဆောင်ရွက်သူများအဖွဲ့ (DMA) မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ILO ၏ TRIANGLE in ASEAN စီမံချက်သည် website တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းဆောင်ရွက်မှုများအတွက် တစ်စိတ်တစ်ပိုင်း ပံ့ပိုးပေးထားပါသည်။ TRIANGLE in ASEAN စီမံချက်ကို သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာန နှင့် ကနေဒါနိုင်ငံခြားရေးဌာနတို့က ပံ့ပိုးပေးထားခြင်း ဖြစ်သည်။